Friday, August 26, 2016

Blogspot ဖွင့်နည်း


အဆင့်(၁)၊၊ ၊၊
 ကိုယ့်လုပ်မယ့် Gmail ကို ကိုယ့်ရဲ့ ဖုန်းထဲမှာ Sign in ဝင်ထားပေးပါ၊၊ ပြီးရင် Blogger Apk ကို download ဆွဲ ပြီး install လုပ်ပေးပါ၊၊ ရှိပြီးသား ဆိုရင်လဲ install လုပ်ထားပါဗျ၊၊ install လုပ်ပြီးပြီ ဆိုလျှင် Blogger icon လေးကို တစ်ချက်နှိပ်ပေးပါ၊၊ ခဏစောင့်ပါ၊၊

အဆင့်(၂)၊၊ ၊၊
မိမိတို့ Blog ပြုလုပ် ချင်သော Gmail Account ကိုရွေးပါ၊၊ မရှိသေးလျင် Add Account ကို နှိပ်ပြီး Sign up/Sign in လုပ်ပေးပါ၊ ၊ရွေးချယ်ပြီး လျင် ခဏစောင့်ပေး ပါဗျ၊၊

အဆင့်(၃)၊၊ ၊၊
Access Request တောင်းလျင် Allow ကိုနှိပ်ပေးပါ၊၊ ဆက်တိုက် ဆက်တိုက်ပေါ်လာ၇င် လဲ Allow ကို ဆက်နှိပ်ပေးပါ၊၊ ပြီးလျင် ခဏစောင့်ပါ၊၊

အဆင့်(၄)၊၊ ၊၊
မိမိ Gmail Account နှင့် Blogger တို့ ဆက်သွယ်နေသည့် အချိန်တွင် ခဏစောင့်ပေးပါ၊၊

အဆင့်(၅)၊၊ ၊၊
သင့်ရဲ့ Accountက Blogspot မဖွင့် ရသေးကြောင်း No Blog Found ဆိုပြီးပြနေပါ လိမ့်မယ်၊၊ Blog ဖွင့်မည် ဆိုလျင် Create Blog ကိုနှိပ်ပါ၊၊ မဖွင့်တော့ဘူး ဆိုလျင် Switch Account ကိုနှိပ်ပေးပါ၊၊ပြီးလျင် ခဏစောင့်ပေးပါ၊၊

အဆင့်(၆)၊၊ ၊၊
ဖုန်းရဲ့ ထိပ် ဘေးနား က အဝိုင်းလေး လည်နေမည်၊၊ လိုင်းမကောင်းလျင် လဲ ပေါ်လာသည့် စာကို နှိပ်ပြီး အဝိုင်းလေး လည်အောင်ပြုလုပ်ပေးပါ၊၊

အဆင့်(၇)၊၊ ၊၊
ဒီ အဆင့်ရောက်ပြီ ဆိုရင် Google မှာ ကိုယ် လုပ်မယ့် Blog ရဲ့ Gmail Account နဲ့ Signin ဝင်ပေးပါ၊၊
ဥပမာ... kyawmin168829@gmail.com

အောက်က Password နေရာ မှာ ကိုယ့် Account ရဲ့ Password ကို ထည့်ပါ၊၊ထည့်ပြီးလျင် အပြာရောင်နှင့် Signin ကိုနှိပ်ပေးပါ၊၊ ပြီးလျင် ခဏစောင့်ပေးပါ၊၊

အဆင့်(၈)၊၊ ၊၊
ဒီ အဆင့်ရောက်လာပြီ ဆိုလျင် အရေးကြီး လာပါပြီ၊ ၊သေချာ ဂရုစိုက်ပေးပါ၊၊ ပုံမှာပြထားတဲ့ အတိုင်း New Blog ကို နှိပ်ပေးပါ၊၊ ပြီးလျင် ခဏစောင့်ပေးပါ၊၊

အဆင့်(၉)၊၊ ၊၊
ဒီအဆင့် မှာ ဂရုစိုက် ရမှာက ဖုန်းစာမျက်နှာ ရဲ့အလယ်မှာ ဇယားကွက်ပေါ် လာမှာ ပါဗျ၊၊ ဘာမှ မမြင်ရ သလို ရှုပ်ထွေးနေပါ လိမ့်မယ်၊၊ ဒါပေမယ့် ဖုန်းရဲ့ Screen ကြီးရင်တော့ မြင်ရ ပါလိမ့်မယ်၊၊မြင်တော့မြင် ရတယ် အပြည့် အစုံ မမြင် ရတာကိုပြောတာပါ၊၊

ကျွန်တော့် ဖုန်းက Screen သေးတော့ မမြင် ရဘူးဗျ၊၊ ဇယားကွက် ကို ဘာမှ မမြင်ရလို့ ရှုပ်ထွေးနေရင် ဖုန်းကို လက်လေး နဲ့ အသာလေး မြင်ကွင်း ကို ချုံ့ပေးပါဗျ၊၊ ဇယားကွက် ကို သေချာ မြင်ရအောင်လို့ပါဗျ၊၊

အဆင့်(၁၀)၊၊ ၊၊
ဇယား ကွက်ကို ပုံမှာပြထား တဲ့ အတိုင်း ပီပီပြင်ပြင်မြင်ရပြီ ဆိုရင် ရှင်းရှင်း လင်းလင်း တွေ့လာ ရပါမယ် ဗျ၊၊

အဆင့်(၁၁)၊၊ ၊၊
ဇယား ထိပ်က Blog List အောက်က Title နေရာ မှာ ကိုယ်ရေး ချင်တဲ့ Blog နာမည် ကို ရေးပေးပါ၊၊
ဥပမာ...... ကျွန်တော် ဆိုရင် ပေါင်ကျွဲခြံသား (အခြေခံနည်းပညာ) လို့ ရေးလိုက်တယ်... နာမည် တူတွေ ရှိမှာ စိုးလို့ သေချာ ရေးပေးပါ၊၊

ပြီးရင်အောက်က Address နေရာ မှာ အရေးကြီး ပါတယ်၊၊ဒီနေရာ မှာ တိုင်ပတ်နေတတ် ပါတယ်၊၊ ဂရုစိုက်ပါ၊၊

ကိုယ့် Blog နာမည် ရဲ့ လိပ်စာကို ရေးပေးပါ၊ ၊ဘေးနား က ခဲတံ နဲ့အောက်က စာသားတွေ က သင်ရေးနေ စဉ်မှာ မှားတယ်/မှန်တယ် ဆိုတာကို ပြနေပါလိမ့်မယ်၊၊

Blog Address ကိုလဲ သူများတွေနဲ့ မတူအောင်ရေးပေးပါ၊
ဥပမာ.... ကျွန်တော် ဆိုရင် kyawminလို့ရေးချင် တယ်၊ မရဘူး၊၊ kyawminနောက် က 1500 လေးထည့် လိုက်မှ မှန်လာတယ်၊၊

ဒီလို ပုံစံပေါ့
Kyawmon1500.blogspot.com     .blogspot.com ကသူ ကပေးပြီးသား၊၊ ကိုယ်ရိုက် စရာ မလိုဘူး၊၊ ကိုယ်က ရှေ့က နာမည်လေး ကို ရိုက်ပေးရမှာဗျ၊၊ အဓိက ကတော့ သူများနဲ့ မတူနိုင်မယ့် နာမည်ကို ရိုက်ပေးပါဗျ...

Blog ပုံစံကိုတော့ သူပေးထား တဲ့ Simple ကိုပဲ ထားပေးပါဗျ၊၊ ပြီးသွားရင် အောက်က Create Blog ကိုနှိပ်ပေးလိုက်ပါဗျ၊၊

အဆင့်(၁၂)၊၊ ၊၊
Create Blog ကိုနှိပ်ပြီး သွားရင် ဇယား ထိပ်မှာ အဝါရောင်လေး နဲ့ Create Blog ဆိုပြီး ပြနေ ပါလိမ့် မယ်ဗျ၊၊ ဒါ ကိုယ့်ရဲ့Blog ကို တင်ပေးနေတာပါဗျ၊၊ ခဏစောင့်ပေးပါ

ပြီးသွားပြီ ဆိုရင် စောစောက New Blog နေရာလေး မှာ ကိုယ့်ရဲ့ Blog နာမည်လေး ပေါ်လာ ပါလိမ့် မယ်နော်၊၊ ဒါဆိုရင် သင်ဟာ Blogspot ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ ပါပြီဗျ၊၊

 ••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

  ok၊၊  ပြီးသွားပြီ ဆိုတော့ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီးထွက်ပေးလိုက် ပါဗျ၊၊
သင် လုပ်ထားတဲ့ Blogspot အောင်မြင်လား၊ မအောင်မြင်ဘူးလား သိချင်ရင် စောစောက ထည့်ထားခဲ့ လိပ်စာ အတိုင်း google မှာ ရှာနိုင်ပါတယ်ဗျ၊၊ No Posts ဆိုပြီး ပြနေပါ လိမ့်မယ်နော်၊၊

ပြီးရင် ဖုန်းကို Restart ချလိုက်ပါ၊၊ Power ပြန်တက် လာရင် Blogger icon ထဲဝင်ပါ၊၊ ကိုယ်Blog လုပ်ထား တဲ့ Account ကို နှိပ်ပေးပါ၊၊ ခဏစောင့်ပေးပါ၊၊ အပေါ်ထိပ် မှာ Blog နာမည်ပေါ်လာပြီး စာရေး ချင်တယ် ဆိုရင် ခဲတံနေရာလေး ကို နှိပ်ပေးပါ၊၊

Tittle နေရာမှာ ကိုယ် တင်မယ့် ခေါင်းစဉ် ကို ရေးပါ၊၊
အောက်က စာကိုယ်နေရာမှာ ကိုယ်ရေးချင်သော အကြောင်း အရာများကို ရေးသားပေးပါ၊၊
ပြီးလျင် ဘေးက Done ကိုနှိပ်ပေးပါ၊၊

အောက်နား က level နေရာ တွင် သတင်း တင်တာ ဆိုင် သတင်း၊၊ photo တင်တာ ဆိုရင် photo၊ နည်းပညာ ဆိုရင် နည်းပညာ၊၊ Apk ဆိုရင် Apk ဆိုပြီး စသဖြင့် ရေးပေးပါ၊၊

ပြီးလျင် အပေါ်ထပ် နားတွင် ရှိသော စက္ကူ စွန်ပုံစံ လေး ကို နှိပ်ပေးလိုက်ပါ၊ ၊နှိပ်လိုက် တာနဲ့ ကိုယ့်ဖုန်းရဲ့ Noti မှာ မြားလေးနဲ့ Pulishing ဆိုပြီး တက်သွား ပါလိမ့်ဗျ၊၊ လိုင်းမကောင်းရင်တော့ Network Error လို့ပြပါ လိမ့်မယ်၊၊

Post တင်ပြီးပြီ ဆိုရင် Post Pulish ဆိုပြီး ပြနေပါ လိမ့်မယ်ဗျ၊၊ လိုင်းမကောင်းလို့ တင်မရရင် Network Error ပြနေရင် Blog ထဲပြန် ဝင်ပြီး ထပ်တင်ပေးပါဗျ၊၊

OKသွားပါပြီ။ Blog ဖွင့်နည်းတင် မဟုတ်ဘဲ Post တင်နည်း ပါပြောပြ လိုက်ပါတယ် ၊၊
ကဲ သူငယ်ချင်းများ၊ ၊ကျေနပ်ကြပါရဲ့နော်၊၊ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီးရေးပေးထား ပါတယ်ဗျ၊၊
သူငယ်ချင်း တို့က ကျွန်တော့်ကို တစ်ခု ကူညီပေးပါဗျ၊၊

ဒီ နည်းလေးကို ကိုယ် သိသလို ကိုယ်ရဲ့ သူငယ်ချင်းတွေ လဲ သိအောင် Share လုပ်ပေးစေချင် ပါတယ်ဗျ၊၊
ကျွန်တော်တောင် နည်းပညာတွေ သိစေချင်လို့ Page မှာကော၊  Group တွေမှာကော အကုန်လုံး Share လုပ်ပေးပါတယ် ၊၊

သူငယ်ချင်း တို့လည်း ကျွန်တော့် ကို Share လုပ်ပေးခြင်းဖြင့် ကူညီပေးပါ၊၊ ရည်ရွယ်ချက်က အခြား သူတွေကော သိစေချင်တဲ့ ရည်ရွယ်ချက် တစ်ခုတည်းပါ၊၊

ကိုယ် သိသလို သူများသိအောင် ဖြန်ဝေပေးပါ လို့ တောင်းဆို ချင်ပါတယ်ဗျ၊၊
ကျေးဇူးတင်ပါတယ်နော်၊၊

Blog လုပ်မယ် ဆိုတော့ Blogger Apk မရှိသေး 👉 ဆော့ဝဲလ်ကို အောက်ကလင့်ကိုနှိပ်ပြီးဒေါင်းပါ

👇   👇   👇    👇     👇     👇
mediafire .link မှ👉ဒေါင်းရန်နိပ်ပါ

PlayStore .link မှ👉ဒေါင်းရန်နိပ်ပါ
👆 👆  👆  👆  👆  👆  👆  👆

🙏 🙏 🙏 🙏 🙏 🙏
အားလုံးအဆင်ပြေကြပါစေ
👌 👌 👌 👌 👌 👌
ပေါင်ကျွဲခြံရွာသစ်သား အခြေခံနည်းပညာ
👉 👲 Kyaw Min 👲 👈
👍 👍 👍 👍 👍 👍 👍 👍

Related Posts:

  • Sing! Vip access version 3.8.7 Vip - Hack ပြီးသာ ကဲမိမိဖုန်းမှာ root မရှိလို့ vip မရလို့ စိတ်ညစ်နေတဲ့ဘော်ဘော်တွေ မပီအပြင်ဟဲ လို့ရပီ No ( root ) မလိုပါ ဒေါင်းပီ install လုပ်ပီလျှင် vip တန်းရပါသည် sing.apk hack ပီးသားလေးတင်ပေးလိုက်ပါတယ်ခင်ဗျာ ဆော့ဝဲလ် ကိုတော့အောက်တွင်ဒေါင်း… Read More
  • Android စမတ်ဖုန်းထဲကနေ ကွန်ပျူ တာကို ထိန်းချူပ်နည်း Android စမတ်ဖုန်းထဲကနေ ကွန်ပျူ တာကို ထိန်းချူပ်နိုင်မည့် နည်းလမ်းကိုတင်ပြပေးထားပါတယ်။ အိမ်မှာထားခဲ့တဲ့ ကွန်ပျူ တာကို ကိုယ့်အပြင်ရောက်တဲ့အခါ ဖုန်းထဲကနေ ကွန်ပျူ တာကိုထိန်းချူပ်အသုံးပြုနိုင်မှာပါ။ နောက်ထပ်လည်း ကိုယ့်သူငယ်ချင်း… Read More
  • Computer PC (Laptop) နှင့် TV ချိတ်ဆက်အသုံးပြုနည်းComputer PC (Laptop) နှင့် TV ချိတ်ဆက်အသုံးပြုချင်ပါသလား? အခုပြောပြမယ့် Article လေးကတော့ ကွန်ပျူတာပညာရှင်မှမဟုတ်ဘူး။ လူတိုင်းလိုလို စိတ်ဝင်စားမယ့်အကြောင်းအရာ လေးဖြစ်ပါတယ်။ အဲဒါကတော့ Computer နဲ့ TV ကို ဘယ်လိုချိတ်ဆက်ကြမလဲဆိုတ… Read More
  • ဖုန်းမှာခလုတ်တွေ ကြောင်နေရင် Screen ပေါ်ကနေအသုံးပြုနည်းနှင့် App  Root  မလိုပါဘူး ဖုန်းခလုတ်တွေကြောင်နေခဲ့ရင်Screen ပေါ်ကနေအသုံးပြုနိုင်ပါတယ်။ ဖုန်းခလုတ်တွေဖျက်နေတဲ့ သူတွေဆိုရင်တောင် ဒီကောင်းလေးရှိရင် တော်တော်လေးအဆင်ပြေမှာပါ။  ဆော့ဖ်ဝဲ နှင့် အသုံးပြုနည်းကိုအောက်ကလင့်ခ်မှာပံ… Read More
  • Android ဖုန်းတွေကို မြန်မာဖောင့်အမှန်ပြောင်ပေးနိုင်သည် မြန်မာစာတွေလွဲနေ တဲ့ မမှန်တဲ့ Android 5.0 နဲ့အထက်ဖုန်းတွေကို Zawgyi Font ပြောင်းပေးတဲ့ Application လေးပါ။ Unicode ပြန်ပြောင်းချင်ရင်လဲ Unicode Restore ကို နှိပ်ပြီးပြောင်းနိုင်ပါတယ်။ Root ရှိဖို့လိုအပ်ပါတယ်။ မည့်သည့်ဖ… Read More