Monday, July 18, 2016

Gmail နှင့် Google Play တို့ မှာဖြစ်တတ်တဲ့ပြသာာနာအားဖြေရှင်းနည်း

Gmail နှင့် Google Play တို့ မှာဖြစ်တတ်တဲ့ပြသာာနာအားဖြေရှင်းနည်း

Google Play Store နှင့် Gmail တို့ Log in ၀င်လို့ မရတဲ့သူတွေတွက်ဖြေရှင်းနိုင်မည့်နည်းလမ်းလေးကိုရေးသားပေးလိုက်ပါတယ်။။  လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်ဖြစ်ဖူးပါတယ်။ အဲ့ဒီတုန်းကလည်း မိုဘိုင်းပညာကိုလေ့လာနေတဲ့အချိန် Loptop ကလည်းလက်ထဲမှာမရှိသေးတဲ့အချိန်မှာ ဖုန်းထဲမှာ Gmail ကို Log in ၀င်တာ ၀င်မရတဲ့အတွက် Gmail နဲ့ သက်ဆိုင်တဲ့ Blogger တို့ Play store တို့ ကလည်း Log in ၀င်လို့ မရတော့ အခက်ခဲတွေဖြစ်ခဲ့ပါတယ်။ မိုဘိုင်းကြောင်းတွေတင်ဆက်နေတဲ့သူဆိုတော့ ဒါတွေမရတော့ပိုဆိုတာပေါ့ ။နောက်ဆုံးတော့ နည်းလမ်းလေးတစ်ခုရှာတွေ့ ခဲ့ပါတယ်။ Gmail Log in ၀င်မရတဲ့ပုံစံက Gmail အကောင့်ကို Log in ၀င်လိုက်ပါက Try again later ပြပြီး  Next ပုံစံ ဆက်မတော့ပါဘူး..Gmail ထည့်ထားတဲ့ သူတွေကျတော့ Email ကစာအိပ်တွေ လုံးဝမလာတော့ပါဘူး Gmail နဲ ပတ်သတ်တာတွေ သင့်ဖုန်းမှာ လုံးဝ သုံးမရတော့ပါ။
Google Play Store လည်း ထိုနည်းတူစွာဘဲ Apps တွေဝင်ရောက်ဒေါင်းယူလို့ မရတော့ပါဘူး။
ဒါကတော့ အင်တာနတ်သုံးသူတိုင်းရဲ့ ဖုန်းမှာ ဖြစ်လေ့ရှိပါတယ်။
 ခုမဖြစ်သေးလဲ နောက်ဖြစ်လာနိုင်တဲ့အခါ မိမိကိုယ်တိုင်ဖြေရှင်နိုင်အောင်လေ့လာထားပါ။

ဖြေရှင်ရန် Root Explorer Pro ဆော့ဝဲလ်လိုအပ်ပါတယ်။
Application ကို ဖွင့်ပါ။
System ကိုရှာပြီး Click ပါ။
System ထဲက etc ကို Click ပါ။
etc ထဲက hosts ကို ဖိနှိပ်ပြီး Delete နဲ ဖျက်ပေးလိုက်ပါ။
ဒါဆို error ဖြစ်နေတဲ့ Play Store /Gmail တို့ကို အရင်လို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာပါ။
ဖုန်း မှာ Root လုပ်ထားရမည်။
Root Explorer Pro ဆော့ဝဲလ်လေးအားဒေါင်းယူရန်။
👇👇 👇👇👇👇
ဒေါင်းလှတ် ဆွဲ ရန် ဒီ မှာ နိပ် ပါ
👌🏻👌🏻👌👌🏻👌🏻👌




•••••••••••••••••••••
အားလုံးအဆင်ပြေကြပါစေ
°°°°°°°°°°°°°°°°°°°°°°°°°°°°
ပေါင်ကျွဲခြံရွာသစ်သား အခြေခံနည်းပညာ
          ( Kyaw Min )
&&&&&&&&&&&&&&&&&&&